ဒီဂျစ်တယ်ဘာသာရေး
ကျွန်ုပ်တို့ လူသားတွေမှာ ဘာသာရေးအယူအဆများသည် လက်ရှိ ပစ္စုပ္ပန်ကာလအတွက်မှာ တည်ငြိမ်အေးချမ်းရန်အတွက်သာမက နောင်ဘဝဘုံ အထိအောင် ကောင်းမွန်စွာ ကူးနိုင်ရန်၊ နေထိုင်နိုင်ရန် ကျွန်ုပ်တို့လူသားများမှာ ရည်ရွယ်အားထားကြရပါသည်။ သို့ပေမယ့် တိုးတက်လာသော ခေတ်အရ ကျွနိုပ်တို့ လူသားတွေမှာ အခြားသက်ရှိတိရစ္ဆာန်များထက် ကွဲပြားခြင်းသည် ရှင်သန်စရာ ဘုံတစ်ခု တိုးလာခြင်း ဖြစ်ပါသည်။ ၎င်းဘုံကတော့ ကျွန်ုပ်တို့အားလုံး မျက်မြင်တွေ့နေရသော ဒစ်ဂျစ်တယ်ဘုံပင် ဖြစ်ပါသည်။ ဤဘုံတွင် တစ်သီးတစ်သန့် ဘာသာရေးဟူ၍ မရှိသော်ငြားလည်း ကျွန်ုပ်တို့လူ့ဘုံ၏ ဘာသာရေးယုံကြည်ချက်များကဲ့သို့ ဒစ်ဂျစ်တယ်ဘာသာရေးကို လိုက်နာကျင့်သုံးသူတို့အဖို့ နေ့စဉ် လူ့ဘုံကနေ တစ်ခဏမျှစွန့်ခွာကာ ဒစ်ဂျစ်တယ်ဘုံသို့ ကူးလူး အသုံးပြုရာ၌ လုံခြုံ အဆင်ပြေရန်မှာ ဧကန်ပင်ဖြစ်ပါလိမ့်မည်။ ယခုဖော်ပြလိုသော ဒစ်ဂျစ်တယ်ဘာသာရေးဟူသည် ဘာသာရေးအယူအဆသီးသန့်ဆိုလိုရင်း မဟုတ်ပေမယ့် ဘာသာရေးတိုင်းသည် ကျွန်ုပ်တို့ လူသားတွေ လူအများနှင့် ပေါင်းသင်းဆက်ဆံရာမှာ […]
