AI နည်းပညာဖွံ့ဖြိုးမှုနှင့်အတူ ဆိုက်ဘာလုံခြုံရေး၏ အခန်းကဏ္ဍ

မျက်မှောက်ခေတ်၏ ဆိုက်ဘာလုံခြုံရေး သည် တစ်ကမ္ဘာလုံး စိုးရိမ်ရသည့် အခြေအနေသို့ ‌ရောက်ရှိလို့လာနေသည်။ လွန်ခဲ့သည့် ဆယ်စုနှစ် သုံးခုကျော်လောက်တုန်းက ကိုယ်ပိုင် ကွန်ပျူတာ နှင့် စမတ်ဖုန်း ရှိသည့် ဦးရေသည် ယခုလောက် မများလာသေးခင်ကာလကို အကြမ်းဖျဉ်း ယှဉ်တွဲကာ မြင်နိုင်ပါသည်။ အခက်အခဲတွေသည် လူသားတို့ တိုးတက်ပြောင်းလဲမှုများ၌ အခရာ တစ်ခုဟုဆိုနိုင်လောက်အောင် ပြောစမှတ် ပြုကြသော်လည်း မြေစာပင်ဖြစ်ရသော လူသားများလည်း တစ်ပုံတစ်ပင် ရှိခဲ့ကြပါလိမ့်မည်။ တစ်နည်းအားဖြင့် သာမညအာဇာနည်လို့ ညွှန်းဆိုကြလေမလား။ သို့သော် လက်ရှိမှာတော့ လူသားတို့အားလုံး သာမည ဖြစ်ခွင့်ရနိုင်ကြမည့် ကာလသို့ အေအိုင်ခေတ်နှင့်အတူ ရောက်ရှိလေပြီလားဟု ထင်မြင်ယူဆနိုင်သော အခြေအနေသို့ ဦးတည်ရောက်ရှိသွားနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် လူသားတို့သည် အေအိုင်ကို ကလောက် ခေါ် တိမ်ဒေတာအခြေခံအဆောက်အအုံ တွေမှသည် ငွေရေးကြေးရေး စီမံခန့်ခွဲမှုများတိုင်အောင် […]

အနုပညာမြောက် ကွယ်ပျောက်ခြင်း

ဆန်းသစ်မှုမရှိပါက အနုပညာ ဟု မဆိုနိုင် ဆိုသော ပြောစကားများကို ကျွန်ုပ်တို့ ခပ်ကျယ်ကျယ် ကြားဖူးကြပါလိမ့်မည်။ ဒစ်ဂျစ်တယ် လောက၌လည်း အသစ်တွေက တိုးလာနေသော်လည်း ဆန်းသစ်လိုသော စိတ်နေစိတ်ထားများကို လူသားတချို့ အားမထုတ်လိုကြပါ။ တကယ်တော့ ဆန်းသစ်ရတာသည် ကိုယ့်မှာ အခြေခံအသိတခုတလေ ရှိလေ ပိုဆန်းသစ်နိုင်လေ ဖြစ်သည်။ အရာတစ်ခုခု၌ အနုပညာဆန်ဆန်တွေးခေါ်ရန် မည်သူမဆို အခြေခံအသိလေးတော့ ရှိသင့်သည်မဟုတ်လား။ စာရေးသူ Kevin Mitnick ၏ The Art of Invisibility မှာ ဖော်ပြထားသော နေ့စဉ်ဒစ်ဂျစ်တယ် ကဏ္ဍများ၌ အခြေခံအသိများမှတစ်ဆင့် ဆန်းသစ်နိုင်သော အကျင့် များကို လုပ်ဆောင်နိုင်သောအချက်များကို ဖော်ပြထားပါသည်။ အချိန်အားဖြင့် ၂၀၁၈ မှာ ထုတ်ထားသော စာအုပ်ဖြစ်သော်လည်း ယနေ့ ၂၀၂၅ တိုင်အောင် […]

ဒီဂျစ်တယ်ဘာသာရေး

ကျွန်ုပ်တို့ လူသားတွေမှာ ဘာသာရေးအယူအဆများသည် လက်ရှိ ပစ္စုပ္ပန်ကာလအတွက်မှာ တည်ငြိမ်အေးချမ်းရန်အတွက်သာမက နောင်ဘဝဘုံ အထိအောင် ကောင်းမွန်စွာ ကူးနိုင်ရန်၊ နေထိုင်နိုင်ရန် ကျွန်ုပ်တို့လူသားများမှာ ရည်ရွယ်အားထားကြရပါသည်။ သို့ပေမယ့် တိုးတက်လာသော ခေတ်အရ ကျွနိုပ်တို့ လူသားတွေမှာ အခြားသက်ရှိတိရစ္ဆာန်များထက် ကွဲပြားခြင်းသည် ရှင်သန်စရာ ဘုံတစ်ခု တိုးလာခြင်း ဖြစ်ပါသည်။ ၎င်းဘုံကတော့ ကျွန်ုပ်တို့အားလုံး မျက်မြင်တွေ့နေရသော ဒစ်ဂျစ်တယ်ဘုံပင် ဖြစ်ပါသည်။ ဤဘုံတွင် တစ်သီးတစ်သန့် ဘာသာရေးဟူ၍ မရှိသော်ငြားလည်း ကျွန်ုပ်တို့လူ့ဘုံ၏ ဘာသာရေးယုံကြည်ချက်များကဲ့သို့ ဒစ်ဂျစ်တယ်ဘာသာရေးကို လိုက်နာကျင့်သုံးသူတို့အဖို့ နေ့စဉ် လူ့ဘုံကနေ တစ်ခဏမျှစွန့်ခွာကာ ဒစ်ဂျစ်တယ်ဘုံသို့ ကူးလူး အသုံးပြုရာ၌ လုံခြုံ အဆင်ပြေရန်မှာ ဧကန်ပင်ဖြစ်ပါလိမ့်မည်။  ယခုဖော်ပြလိုသော ဒစ်ဂျစ်တယ်ဘာသာရေးဟူသည် ဘာသာရေးအယူအဆသီးသန့်ဆိုလိုရင်း မဟုတ်ပေမယ့် ဘာသာရေးတိုင်းသည် ကျွန်ုပ်တို့ လူသားတွေ လူအများနှင့် ပေါင်းသင်းဆက်ဆံရာမှာ […]

ဒီဂျစ်တယ် လုံခြုံရေးအရေးကြီးပုံ

“ပလူတိုဂြိုဟ်ကို ယနေ့မှစ၍ ဂြိုဟ်သိမ် တစ်ခုအဖြစ်သာ သတ်မှတ်လိုက်သည်….တီ…တီ…တီ” ဖုန်းနာရီနှိုးစက်သံကို ကိုညို တစ်ယောက် ကောက်ပိတ်လိုက်ပြီးနောက် ချက်ချင်းထတွေးမိသည်။  “ငါဘာဖြစ်လို့ ပလူတိုဂြိုဟ်အကြောင်းကို အိပ်မက်ထဲမှာမက်ရတာလဲ” ဟု ကိုညို တွေး၏။  ဒါနဲ့ ကိုညိုသည် မနက်အိပ်ရာ နှိုးတိုင်း သူ၏ ကွန်ပျူတာဖြင့် အလုပ်အီးမေးလ်များ စစ်လေ့ရှိရာ သူ မနေ့ညကမအိပ်မီ မတော်တဆ ပလူတို အကြောင်းဆောင်းပါးတစ်ခု ရှာမိထားရာမှ ဖတ်ရင်း အိပ်ပျော်သွားကြောင်းကို ယခု သူ၏ ကွန်ပျူတာအား ဖွင့်ရာတွင် သတိထားမိ၏။ ဒီအချိန်မှ သူ ပလူတို အကြောင်း ပြန်တွေးမိသည်။  “သြော် ‘ပလူတိုဂြိုဟ်လေး’ လူတွေက သူ့ကို ဆယ်စုနှစ်ပေါင်းများစွာ ဂြိုဟ်တစ်လုံးအနေနဲ့ ဂြိုဟ်ရာသွင်းပြီးမှ ဖြစ်ရလေ” ဆိုပြီးတော့ အတွေး၌ ဂရုဏာ သက်မိသွားသည်။ ကိုညိုသည် […]

အေအိုင် နှင့် မြန်မာလုံခြုံရေး

ကျွန်တော်တို့ လူသားတွေ လက်ရှိမှာ AI ကို တစ်နေ့တစ်ခြား အသုံးပြုမှုများလာသည်နှင့်အမျှ မိမိတို့၏ တစ်နေ့တာ လုပ်ငန်းစဉ်တွေမှာ မရှိမဖြစ်သော ကိရိယာတစ်ခုဖြစ်လာပါသည်။ ကျွန်ုပ်တို့၏ လူမှုစီးပွားရေးတွေ၊ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေမှာ နေရာယူလာတာတွေကလည်း တစ်နေ့ထက်တစ်နေ့ တိုးလို့သာလာနေပါသည်။ သို့သော် ကျွန်ုပ်တို့ သိထားနေလျက်နဲ့ မျက်ကွယ်ပြုမိသည့်အရာတစ်ခုမှာ AI သည် ယခုလို တိုးတက်ရန် ဒေတာအချက်အလက် အမြောက်အများ လက်ခံရရှိနေခြင်းကြောင့် ဆိုသည့် အကြောင်းအရာကို နှစ်ကြာလာသည်နှင့်အမျှ မေ့လျော့နေခြင်းက ကျွန်ုပ်တို့ကို တစ်ဖန် လုံခြုံရေး စိုးရိမ်စရာ အဖြစ် ရောက်ရှိစေပါသည်။ ဤသည်တွင် ရှင်းလင်းစေချင်သည့်အချက်မှာ ယခုလက်ရှိ AI သည် စိတ်ကူးယဉ် သိပ္ပံဇာတ်ကားတွေထဲကကဲ့သို့ မဟုတ်သေးသည့်အခြေအနေကို နားလည်ထားရပါဦးမည်။ အဓိက က ကျွန်ုပ်တို့ လူသားတွေသည် မိမိ၏ ဒေတာအချက်အလက်များကို ဂရုမပြုခြင်းသည်သာ […]

The TEA app

၂၀၀၀ ခုနှစ်ဝန်းကျင်လောက်တုန်းက ကျွန်တော်တို့လူငယ်တွေကြားထဲမှာ ပေါ်ပြူလာဖြစ်ခဲ့တဲ့ အက်ပလီကေးရှင်းတစ်ခုရှိခဲ့ပါတယ်။ သူ့နာမည်က Gtalk ပါ။ တော်တော်များများ အထူးသဖြင့် အဲ့ခေတ်တုန်းက လူငယ်၊ မြီးကောင်ပေါက်စ အရွယ်တွေဆို ပိုပြီးမှတ်မိပါလိမ့်မယ်။ ရုပ်မမြင်၊ အသံမကြားရအဆင့်ကနေ အသံကြားရတော့ မိုက်မယ်ထင်ပြီး သွားတွေ့ခါမှ ပုံဆိုးပန်းဆိုးကြီးဖြစ်နေလို့ မသိချင်ယောင်ပြေးခဲ့ကြတဲ့ အဖြစ်အပျက်တွေက အခုပြန်ပြောရရင် ဟာသတစ်ခုအနေနဲ့ရှိနေဆဲပါ။ အဲ့လိုအခြေအနေကနေ အများကြီးပြောင်းလဲလာလိုက်တာ အခုဆိုရင် Dating အတွက်သီးသန့် အက်ပလီကေးရှင်းတွေက မှိုလိုပေါက်နေတာ ဒီနေ့ခေတ်အထိပါ။  Dating အက်ပ်တွေ ဘယ်လိုအလုပ်လုပ်တာလဲဆိုတာကို မသိတဲ့သူတွေအတွက် အရင်ပြောပြပါမယ်။ ဥပမာ ပေါ်ပြူလာအဖြစ်ဆုံး Tinder (တင်ဒါ) ဆိုရင် ကိုယ်ပိုင်အကောင့်တစ်ခု ဖွင့်ပြီး ပုံတွေနဲ့ ကိုယ်ရေးကိုယ်တာတွေတင်ပြီး ဝင်အရွေးခံရပါတယ်။ သူလည်းရွေး၊ ကိုယ်လဲရွေးရင်းမှ အပြန်အလှန်‌ရွေးမိတဲ့သူအချင်းချင်း စကားပြောလို့ရတာကနေ စပါတယ်။ တကယ်လို့ ရွေးတာမဟုတ်ပဲ […]

Public Wifi

အလကားရတဲ့ WiFi ဆိုမကြိုက်တဲ့သူမရှိပါဘူး။ ကော်ဖီဆိုင်မှာပဲဖြစ်ဖြစ်၊ ကုန်တိုက်ကြီးတွေမှာပဲဖြစ်ဖြစ်၊ လေဆိပ်မှာပဲဖြစ်ဖြစ်၊ နောက်ဆုံး ရွှေတိဂုံဘုရားပေါ်ကပဲဖြစ်ဖြစ် Free WiFi လို့မြင်တာနဲ့ ချိတ်ပြီးသုံးချင်တဲ့ သူတွေက သပ်သပ်ရှိပါတယ်။ လူတွေအများကြီးသုံးနေကြတာပဲ၊ ဘာဖြစ်နိုင်လို့လဲ။ ဘယ်လောက်ထိဆိုးနိုင်လို့လဲ။ မေးရင် အများသုံး WiFi တွေဟာ ချိတ်ဆက်ဖို့လွယ်တယ်၊ နေရာတိုင်းမှာရှိတယ် ပြီးတော့ ဒါနဲ့ပတ်သတ်ပြီးတော့လုပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကနေ ဖောက်သည်အသစ်ရအောင် ပရိုမိုးရှင်းဆင်းနေသလို ပုံစံမျိုးတွေဖြစ်တဲ့အတွက် အန္တရာယ်မရှိနိုင်ဘူး၊ လုံခြုံတယ်လို့ ခံစားရတာဖြစ်တယ် လို့ဖြေရပါလိမ့်မယ်။ အမှန်ကတော့ သတိမမူ၊ ဂူမမြင်ဆိုတဲ့စကားပုံလိုပါပဲ။ လွယ်ကူအဆင်ပြေခြင်းရဲ့နောက်ကွယ်မှာ လူအများစုသတိမထားမိတဲ့ အန္တရာယ်တွေရှိနေနိုင်ပါတယ်။ သင့် ဖုန်း၊ တက်ပ်ဘက်လပ် ဒါမှမဟုတ် ကွန်ပျူတာ‌တွေကို အများသုံး WiFi နဲ့ချိတ်ဆက်လိုက်တယ်ဆိုတာက သင့် ဒီဂျစ်တယ်ဘဝထဲကို ဝင်လာဖို့ ဖိတ်ခေါ်လိုက်သလိုပါပဲ။ သင့်ရဲ့ စာတို၊ ရှာဖွေကြည့်ရှု ပုံစံအမူအကျင့်၊ […]

Scroll to top