AI နည်းပညာဖွံ့ဖြိုးမှုနှင့်အတူ ဆိုက်ဘာလုံခြုံရေး၏ အခန်းကဏ္ဍ
မျက်မှောက်ခေတ်၏ ဆိုက်ဘာလုံခြုံရေး သည် တစ်ကမ္ဘာလုံး စိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိလို့လာနေသည်။ လွန်ခဲ့သည့် ဆယ်စုနှစ် သုံးခုကျော်လောက်တုန်းက ကိုယ်ပိုင် ကွန်ပျူတာ နှင့် စမတ်ဖုန်း ရှိသည့် ဦးရေသည် ယခုလောက် မများလာသေးခင်ကာလကို အကြမ်းဖျဉ်း ယှဉ်တွဲကာ မြင်နိုင်ပါသည်။ အခက်အခဲတွေသည် လူသားတို့ တိုးတက်ပြောင်းလဲမှုများ၌ အခရာ တစ်ခုဟုဆိုနိုင်လောက်အောင် ပြောစမှတ် ပြုကြသော်လည်း မြေစာပင်ဖြစ်ရသော လူသားများလည်း တစ်ပုံတစ်ပင် ရှိခဲ့ကြပါလိမ့်မည်။ တစ်နည်းအားဖြင့် သာမညအာဇာနည်လို့ ညွှန်းဆိုကြလေမလား။ သို့သော် လက်ရှိမှာတော့ လူသားတို့အားလုံး သာမည ဖြစ်ခွင့်ရနိုင်ကြမည့် ကာလသို့ အေအိုင်ခေတ်နှင့်အတူ ရောက်ရှိလေပြီလားဟု ထင်မြင်ယူဆနိုင်သော အခြေအနေသို့ ဦးတည်ရောက်ရှိသွားနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် လူသားတို့သည် အေအိုင်ကို ကလောက် ခေါ် တိမ်ဒေတာအခြေခံအဆောက်အအုံ တွေမှသည် ငွေရေးကြေးရေး စီမံခန့်ခွဲမှုများတိုင်အောင် […]
