ကမ္ဘာမှာ ပထမဆုံး
“Modern problem needs modern solution.” ဘာသာပြန်လိုက်ရင် “ခေတ်ပေါ်ပြဿနာအတွက် ခေတ်ပေါ်အဖြေလိုအပ်ပါတယ်။” လို့အဓိပ္ပာယ်ရပါတယ်။ ကျွန်တော်တို့ ငယ်ငယ်က အိမ်မွေးတိရစ္ဆာန်လေး တွေပျောက်တဲ့အခါမှာ ဓာတ်တိုင်တွေမှာ ကြေညာတွေလိုက်ကပ်ခဲ့ရပေမယ့် ဒီဖက်ခေတ်မှာတော့ စာစီပြီး အွန်လိုင်းပေါ်တင်လိုက်ရုံနဲ့တင် မြို့မတူတဲ့နေရာက လူတွေပါမြင်ရတဲ့ အနေအထားထိကိုရောက်လာပြီဖြစ်တယ်။ ကမ္ဘာကြီးပေါ်မှာ ဘယ်နေရာမဆိုဖြစ်ပျက်နေတာကို စက္ကန့်နဲ့အမျှသိနိုင်တဲ့ ဒီဖက်ခေတ်ကြီးမှာ နိုင်ငံရေးနဲ့ နည်းပညာကြားက ပြောစမှတ်တွင်လောက်တဲ့ အဖြစ်အပျက်တစ်ခုကို ပြီးခဲ့တဲ့ စက်တင်ဘာလထဲ နီပေါနိုင်ငံမှာ မြင်တွေ့လိုက်ရပါတယ်။ နီပေါနိုင်ငံမှာ စက်တင်ဘာလ ၈ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ခန့်မှန်းခြေ ၅-၆ ရက်လောက် Gen Z ဆိုတဲ့နာမည်နဲ့ နိုင်ငံအနှံ့မှာဆန္ဒပြမှုတွေဖြစ်ပွားခဲ့တယ်။ ၁၉ ယောက်သေဆုံးပြီး၊ အများအပြား ထိခိုက်ဒဏ်ရာ ရခဲ့တယ်။ ပါလီမန် မီးမြှိုက်ခံခဲ့ရပြီး ခေါင်းဆောင်ပိုင်းကလူတွေကို ရဟတ်ယာဉ်တွေခေါ်ထုတ်ခဲ့ရတဲ့ […]
