ခေတ်သစ်မှတ်ပုံတင်

ဗြိတိန်အစိုးရကနေ ၂၅ ရက်နေ့ စက်တင်ဘာလ ၂၀၂၅ ခုနှစ် ရက်စွဲနဲ့ မလုပ်မဖြစ်လုပ်ရမယ့် ဒစ်ဂျစ်တယ်မှတ်ပုံတင်စနစ် တစ်ခုကို စတင်အသက်သွင်းခဲ့ပါတယ်။ “BritCard” လို့လည်းခေါ်ပါတယ်။ ကြေညာချက်အရ တရားဝင်အလုပ်လုပ်ကိုင်ဖို့ အထိပါသက်ရောက်မှုရှိလာမှာဖြစ်ပြီး ၂၀၂၉ ဇူလိုင်လက စတင်အကြုံးဝင်လာမှာဖြစ်တယ်။ ဆိုလိုတဲ့သဘောက သိပ်မဝေးတော့တဲ့ အနာဂတ်မှာ ဗြိတိန်နိုင်ငံသားများနဲ့ တရားဝင်နေထိုင်သူ အကုန်လုံးက ဒစ်ဂျစ်တယ်မှတ်ပုံတင်တစ်ခု ရလာမှာဖြစ်တယ်။ လူအများစုအတွက် စမတ်ဖုန်းထဲက အစိုးရတရားဝင်အက်ပ် ထဲမှာရှိနေမှာဖြစ်ပြီး မလုပ်နိုင်တဲ့လူ၊ ဖုန်းမသုံးချင်တဲ့လူတွေ အတွက်သပ်သပ် support တွေရှိတယ်လို့လဲဆိုပါတယ်။ အဓိကရည်ရွယ်ချက်က နိုင်ငံသားတိုင်းအတွက် အလုပ်လျှောက်တဲ့အခါပဲဖြစ်ဖြစ်၊ ပြည်သူ့ဝန်ဆောင်မှုအတွက်ပဲဖြစ်ဖြစ်၊ ပုဂ္ဂလိကကုမ္ပဏီ တွေနဲ့ဆက်ဆံတဲ့ အချိန်ပဲဖြစ်ဖြစ် ဒစ်ဂျစ်တယ် မှတ်ပုံတင်နဲ့ အစိုးရမှတ်ပုံတင် တစ်ခုခုနဲ့ ဘယ်သူဘယ်ဝါဖြစ်ကြောင်း ပြနိုင်ဖို့အတွက်ပဲဖြစ်ပါတယ်။ အစိုးရရဲ့ပြောဆိုချက်အရ ဒီစနစ်သစ်သည် လူနေမှုဘဝကို ပိုမိုလွယ်ကူလုံခြုံအောင်အတွက် အဓိကရည်ရွယ်ပါတယ်။ လက်ရှိအချိန်မှာ […]

Youtube ပေါ်က ကိုလှရွှေ

လူတော်တော်များများက “နုလိုက်တာနော်၊ အသက်အဲ့လောက်ရှိပြီလို့တောင်မထင်ရဘူးနော်၊” တစ်နည်းအားဖြင့် ရှိရင်းစွဲထက် ငယ်တယ်လို့ အပြောခံရတာကို နှစ်သက်ကြပါတယ်။ တချို့ကလည်း လူတစ်ယောက်ရဲ့ ပြောဆိုပြုမူပုံကိုကြည့်ပြီး “အသက်သာကြီးသွားတယ်  ပြောဆိုလုပ်ကိုင်ပုံက လူငယ်အတိုင်းပဲ”လို့ အမွှန်းတင်ကြတာလည်းရှိပါတယ်။ ဘယ်လိုပဲပြောပြော အပြောခံရတဲ့သူကတော့ အကြည်ဓာတ်လေးတွေ ရသွားတာပေါ့။ သို့ပေမယ့် ကိုယ့်ကိုငယ်တယ်လို့ပြောတာ တခြားသူမဟုတ်ပဲ AI ဖြစ်နေမယ်ဆိုရင်ကော။ တစ်မျိုးလေးတော့ ခံစားရပေမယ့် ဘာမှမဖြစ်ပါဘူးလို့ထင်ရင်တော့ မှားသွားပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် အမေရိကန်နိုင်ငံအတွင်းက Youtube အသုံးပြုသူတချို့မှာ အသက်ငယ်တယ်လို့ အထင်ခံရတဲ့အတွက် ကန့်သတ်ချက်တွေနောက်ကို အတင်းပို့ခံလိုက်ရလို့ပဲဖြစ်ပါတယ်။ ၂၀၂၅၊ သြဂုတ်လ၊ ၁၃ ရက်နေ့ကစပြီး အမေရိကန်နိုင်ငံအတွင်း Youtube ထဲမှာ အသက်ခန့်မှန်းပေးမယ့် AI မော်လ်ဒယ်တစ်ခုကို စတင်ထည့်သွင်းအသုံးပြုနေပြီဖြစ်ပါတယ်။ ဥပဒေကတော့ အမျိုးအစားကွဲတွေရှိပေမယ့် ဘုံရည်ရွယ်ချက်ကတော့ ကလေးသူငယ်တွေကို အင်တာနက်ပေါ်က အန္တရာယ်ရှိတယ်လို့ ယူဆရတဲ့ အရာတွေကနေ […]

UK Online Safety Act

United Kingdom ၏ အွန်လိုင်းဘေးကင်းရေးဉပဒေ Harrow မြို့နယ်၊ Landon မြို့မှာ အသက် ၁၄နှစ်အရွယ် Molly Russell လို့ခေါ်တဲ့ ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက်နေပါတယ်။ သူကစာလည်းတော်တယ်၊ ရယ်ရယ်မောမော ပြုံးပြုံးရွင်ရွင်နဲ့မို့ မိဘ၊ဆရာတွေပါချစ်ရသူ တစ်ယောက်ပေါ့။ သို့ပေမဲ့ ဆယ်ကျော်သက်တွေရဲ့ ထုံးစံအတိုင်း ဆိုရှယ်မီဒီယာတွေနဲ့တော့ ကင်းလွတ်တဲ့ ကလေးတစ်ယောက်တော့ မဟုတ်ခဲ့ပါဘူး။ အပြင်ပန်းမှာတော့ သာမန်ကလေးတစ်ယောက်လို နေထိုင်ပြောဆိုခဲ့ပေမဲ့ သူ့အခန်းလေးရဲ့ တံခါးနောက်ကွယ်မှာတော့ လုံးဝဆန့်ကျင်ဘက်ဖြစ်တဲ့ ပုံစံကိုပိုင်ဆိုင်ထားတဲ့ ကလေးတစ်ယောက် ဖြစ်နေခဲ့ပါတယ်။ ၂၀၁၇ နိုဝင်ဘာလ ၂၀ ရက်နေ့ရဲ့ ညနေခင်းတစ်ခုမှာ ကောင်မလေးက ထုံးစံအတိုင်း မိသားစုနဲ့ အတူ TV ကြည့်၊ ညနေစာစားခဲ့ကြပေမဲ့ နောက်နေ့မနက်မှာတော့ သူ့ရဲ့အခန်းလေးထဲမှာ အသက်မရှိတော့တဲ့ ခန္ဓာကိုယ်ကိုပဲ သူ့မိဘတွေ စိတ်မကောင်းစွာနဲ့ပဲ တွေ့ရှိခဲ့ရပါတယ်။ […]

ကမ္ဘာမှာ ပထမဆုံး

“Modern problem needs modern solution.” ဘာသာပြန်လိုက်ရင် “ခေတ်ပေါ်ပြဿနာအတွက် ခေတ်ပေါ်အဖြေလိုအပ်ပါတယ်။” လို့အဓိပ္ပာယ်ရပါတယ်။ ကျွန်တော်တို့ ငယ်ငယ်က အိမ်မွေးတိရစ္ဆာန်လေး တွေ‌ပျောက်တဲ့အခါမှာ ဓာတ်တိုင်တွေမှာ ကြေညာတွေလိုက်ကပ်ခဲ့ရပေမယ့် ဒီဖက်ခေတ်မှာတော့ စာစီပြီး အွန်လိုင်းပေါ်တင်လိုက်ရုံနဲ့တင် မြို့မတူတဲ့နေရာက လူတွေပါမြင်ရတဲ့ အနေအထားထိကို‌ရောက်လာပြီဖြစ်တယ်။ ကမ္ဘာကြီးပေါ်မှာ ဘယ်နေရာမဆိုဖြစ်ပျက်နေတာကို စက္ကန့်နဲ့အမျှသိနိုင်တဲ့ ဒီဖက်ခေတ်ကြီးမှာ နိုင်ငံရေးနဲ့ နည်းပညာကြားက ပြောစမှတ်တွင်လောက်တဲ့ အဖြစ်အပျက်တစ်ခုကို ပြီးခဲ့တဲ့ စက်တင်ဘာလထဲ နီပေါနိုင်ငံမှာ မြင်တွေ့လိုက်ရပါတယ်။  နီပေါနိုင်ငံမှာ စက်တင်ဘာလ ၈ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ခန့်မှန်းခြေ ၅-၆ ရက်လောက် Gen Z ဆိုတဲ့နာမည်နဲ့ နိုင်ငံအနှံ့မှာဆန္ဒပြမှုတွေဖြစ်ပွားခဲ့တယ်။ ၁၉ ယောက်သေဆုံးပြီး၊ အများအပြား ထိခိုက်ဒဏ်ရာ ရခဲ့တယ်။ ပါလီမန် မီးမြှိုက်ခံခဲ့ရပြီး ခေါင်းဆောင်ပိုင်းကလူတွေကို ရဟတ်ယာဉ်တွေခေါ်ထုတ်ခဲ့ရတဲ့ […]

User Data

အသုံးပြုသူ၏ အချက်အလက် (သို့) User Data Data(ဒေတာ) ဆိုတဲ့ဝေါဟာရဟာ “ပေးအပ်လိုက်သော တစ်စုံတစ်ခု” လို့အဓိပ္ပာယ်ရတဲ့ “datum” ဆိုတဲ့ Latin(လက်တင်) စကားလုံးမှ ဆင်းသက်လာတာဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် Data ဆိုသည်မှာ မှတ်တမ်းမှတ်ရာလို့ အဓိပ္ပာယ်ရပါတယ်။ Data ဆိုသည်မှာ ကျယ်ပြန့်တဲ့ဝေါဟာရ တစ်ခုဖြစ်ပါတယ်။ စက်ပစ္စည်းအတွင်းမှတ်တမ်းများ (Mechinelogs) တွေကစလို့၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များမှ မီးပွိုင့်တစ်ခုကိုကား ဘယ်နှစ်စီးဖြတ်သွားတယ် ဆိုတဲ့အထိပါပါတယ်။ မမြင်နိုင်ပေမယ့် နေရာတိုင်းမှာ ဒေတာတွေ ရှိပါတယ်။ ဒေတာအမျိုးအစားအများကြီးထဲမှ အသုံးပြုသူတို့၏ ကိုယ်ပိုင်အကြောင်းအရာ (နာမည်၊ E-mail)၊ နည်းပညာဆိုင်ရာ အကြောင်းအရာ (အသုံးပြုနေသော စက်ပစ္စည်းအမျိုးအစား)၊ အပြုအမူဆိုင်ရာ အကြောင်းအရာ (နှိပ်ကြည့်သောlink၊ websiteများ) အစရှိတဲ့ အချက်အလက်တွေကို ကုမ္ပဏီ(သို့) ၎င်း၏ ကြားခံမီဒီယာ/application(အက်ပလီကေးရှင်း) မှတစ်ဆင့် […]

Public Wifi

အလကားရတဲ့ WiFi ဆိုမကြိုက်တဲ့သူမရှိပါဘူး။ ကော်ဖီဆိုင်မှာပဲဖြစ်ဖြစ်၊ ကုန်တိုက်ကြီးတွေမှာပဲဖြစ်ဖြစ်၊ လေဆိပ်မှာပဲဖြစ်ဖြစ်၊ နောက်ဆုံး ရွှေတိဂုံဘုရားပေါ်ကပဲဖြစ်ဖြစ် Free WiFi လို့မြင်တာနဲ့ ချိတ်ပြီးသုံးချင်တဲ့ သူတွေက သပ်သပ်ရှိပါတယ်။ လူတွေအများကြီးသုံးနေကြတာပဲ၊ ဘာဖြစ်နိုင်လို့လဲ။ ဘယ်လောက်ထိဆိုးနိုင်လို့လဲ။ မေးရင် အများသုံး WiFi တွေဟာ ချိတ်ဆက်ဖို့လွယ်တယ်၊ နေရာတိုင်းမှာရှိတယ် ပြီးတော့ ဒါနဲ့ပတ်သတ်ပြီးတော့လုပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကနေ ဖောက်သည်အသစ်ရအောင် ပရိုမိုးရှင်းဆင်းနေသလို ပုံစံမျိုးတွေဖြစ်တဲ့အတွက် အန္တရာယ်မရှိနိုင်ဘူး၊ လုံခြုံတယ်လို့ ခံစားရတာဖြစ်တယ် လို့ဖြေရပါလိမ့်မယ်။ အမှန်ကတော့ သတိမမူ၊ ဂူမမြင်ဆိုတဲ့စကားပုံလိုပါပဲ။ လွယ်ကူအဆင်ပြေခြင်းရဲ့နောက်ကွယ်မှာ လူအများစုသတိမထားမိတဲ့ အန္တရာယ်တွေရှိနေနိုင်ပါတယ်။ သင့် ဖုန်း၊ တက်ပ်ဘက်လပ် ဒါမှမဟုတ် ကွန်ပျူတာ‌တွေကို အများသုံး WiFi နဲ့ချိတ်ဆက်လိုက်တယ်ဆိုတာက သင့် ဒီဂျစ်တယ်ဘဝထဲကို ဝင်လာဖို့ ဖိတ်ခေါ်လိုက်သလိုပါပဲ။ သင့်ရဲ့ စာတို၊ ရှာဖွေကြည့်ရှု ပုံစံအမူအကျင့်၊ […]

Phishing

Phishing (fishing(ဖစ်ရှင်း) လို့အသံထွက်) သည် အအောင်မြင်ဆုံးနဲ့ အထိခိုက်အများဆုံး ဆိုက်ဘာပြစ်မှုအဖြစ် ရပ်တည်လျှက်ရှိသည်မှာ ဆယ်စုနှစ် နှစ်ခုစာလောက် ရှိနေပါပြီ။ အခြားသော ကွန်ပျူတာစနစ်ထဲထိ ဝင်ရောက်ဖို့လိုအပ်တဲ့ နည်းပညာ အမြတ်ထုတ်မှုတွေနဲ့ မတူတာက phishing ဆိုသည်မှာ လူတွေကို လှည့်စားလိမ်လည်ပြီး အရေးကြီး၊ အတွင်းကျတဲ့ အချက်အလက်များ ဥပမာ- အကောင့်နာမည်၊ စကားဝှက်တွေကို နှိုက်ယူတဲ့ နည်းလမ်းတစ်မျိုးဖြစ်ပါတယ်။ ဒီနေ့ခေတ်လူတွေရဲ့ လက်ထဲကို smartphone တွေရောက်လာတာနဲ့အမျှ phishing လုပ်သူတွေရဲ့ ကစားကွင်းကလည်း ပိုပြီးကြီးလာပါတယ်။ နိုတီတွေ၊ လင့်ခ်အတိုတွေနဲ့ ဖုန်းထဲမှ ယုံကြည်ရသူတွေ ကိုအသုံးချတိုက်ခိုက်လာနိုင်တဲ့ အတွက် နောက်ပိုင်းတွေမှာ ပိုပြီးတော့ယုံကြည်ချင်စရာလည်းကောင်းသလို အောင်မြင်နိုင်ဖို့အခွင့်အရေးကလည်း ပိုများလာပါတယ်။ Anti-Phishing Working Group (APWG) ရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်အရ phishing ဆိုသည်မှာ social […]

Myanmar Cybersecurity and VPN

၂၀၂၅ ဆိုက်ဘာလုံခြုံရေးဥပဒေ ထဲမှ VPN အကြောင်းနဲ့ သိကောင်းစရာများ Virtual Private Network(VPN) လို့ပြောလိုက်တာနဲ့ မြန်မာနိုင်ငံသူ/သားတွေရဲ့  ကွန်ပျူတာနဲ့ဖုန်းတွေပေါ်မှာ နာမည်အမျိုးမျိုး၊ ကာလာအသွင်သွင်နဲ့ အခန့်သားနေရာယူထားတဲ့ software/application တွေကို မြင်မိပါလိမ့်မယ်။ ၂၀၂၁ ခုနှစ် ကစပြီး တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြတဲ့ VPN တွေကို မေလနှောင်းပိုင်းမှ စပြီး ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ( The Ministry of Transport and Communications (MoTC)) ကနေပိတ်ဆို့လိုက်တဲ့အတွက် အခုဆိုရင် နာမည်မကြားဖူး၊ လူသိနည်းတဲ့ VPN တွေထဲမှာမှ အလုပ်ဖြစ်မယ့်ဟာလေးတွေကို ခက်ခက်ခဲခဲ ရှာဖွေသုံးနေရတဲ့ အခြေအနေကို ရောက်နေပြီဖြစ်ပါတယ်။ ပိတ်ဆို့မှုရောဂါအတွက် အထိရောက်ဆုံးဆေးကောင်းတစ်လက်လို မှီဝဲနေရတဲ့ VPN အခြေအနေကို တရားဝင်ထိန်းချုပ်ဖို့အတွက် စစ်ကောင်စီမှ ၂၀၂၅ […]

AI ဋီကာ

AI နှင့် လေ့ကျင့်ရေးဒေတာများအကြောင်း ၂၁ ရာစုရဲ့ လူပြောအများဆုံး အကြောင်းကိုပြောပါဆိုရင် AI ကိုပဲညွှန်းချင်ပါတယ်။ ၂၀၂၂ ခုနှစ်ကစပြီး မ‌လျှော့သော အရှိန်အဟုန်နဲ့ တိုးတက်လာတဲ့ AI တွေဟာ ယခုဆိုရင် နေ့စဉ်ဘဝမှာပါ လွယ်လွယ်ကူကူနှင့် တွေ့မြင်နိုင်လာပြီ ဖြစ်တယ်။ နေ့စဉ်နှင့် အမျှ ရင့်ကျက်လာတဲ့ AI တွေဟာ အခုဆိုရင် DeepSeek AI လို မော်ဒယ်တစ်ခုလုံးကို မိမိကိုယ်ပိုင် ကွန်ပျူတာပေါ်မှာ ထည့်သွင်းအသုံးပြုနိုင်တဲ့ အဆင့်ထိရောက်ရှိလာပြီ ဖြစ်ပါတယ်။ AI မော်ဒယ်တစ်ခုရဲ့ စွမ်းဆောင်ရည်ဟာ လေ့ကျင့်ပေးထားတဲ့ ‌‌ဒေတာများရဲ့ အရည်အသွေးနှင့် ဇာစ်မြစ်ပေါ်မှာ အများကြီးအမှီသဟဲပြုပေမယ့်၊ များမကြာသေးခင် အချိန်ကာလအထိ လေ့ကျင့်‌ရေး‌ဒေတာများရဲ့ ဖွဲ့စည်းတည်ဆောက်ပုံများဟာ အဖွဲ့အစည်းတွေရဲ့လျှို့ဝှက်ချက်တစ်ခုအနေနှင့် ရှိနေခဲ့ပါတယ်။ ယခုဆောင်းပါးမှာတော့ AI ကုမ္ပဏီကြီးများနှင့် ၎င်းတို့အသုံးပြုသော ‌ဒေတာစုများ၊ […]

Scroll to top