Myanmar Cybersecurity and VPN
၂၀၂၅ ဆိုက်ဘာလုံခြုံရေးဥပဒေ ထဲမှ VPN အကြောင်းနဲ့ သိကောင်းစရာများ Virtual Private Network(VPN) လို့ပြောလိုက်တာနဲ့ မြန်မာနိုင်ငံသူ/သားတွေရဲ့ ကွန်ပျူတာနဲ့ဖုန်းတွေပေါ်မှာ နာမည်အမျိုးမျိုး၊ ကာလာအသွင်သွင်နဲ့ အခန့်သားနေရာယူထားတဲ့ software/application တွေကို မြင်မိပါလိမ့်မယ်။ ၂၀၂၁ ခုနှစ် ကစပြီး တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြတဲ့ VPN တွေကို မေလနှောင်းပိုင်းမှ စပြီး ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ( The Ministry of Transport and Communications (MoTC)) ကနေပိတ်ဆို့လိုက်တဲ့အတွက် အခုဆိုရင် နာမည်မကြားဖူး၊ လူသိနည်းတဲ့ VPN တွေထဲမှာမှ အလုပ်ဖြစ်မယ့်ဟာလေးတွေကို ခက်ခက်ခဲခဲ ရှာဖွေသုံးနေရတဲ့ အခြေအနေကို ရောက်နေပြီဖြစ်ပါတယ်။ ပိတ်ဆို့မှုရောဂါအတွက် အထိရောက်ဆုံးဆေးကောင်းတစ်လက်လို မှီဝဲနေရတဲ့ VPN အခြေအနေကို တရားဝင်ထိန်းချုပ်ဖို့အတွက် စစ်ကောင်စီမှ ၂၀၂၅ […]
