Youtube ပေါ်က ကိုလှရွှေ

လူတော်တော်များများက “နုလိုက်တာနော်၊ အသက်အဲ့လောက်ရှိပြီလို့တောင်မထင်ရဘူးနော်၊” တစ်နည်းအားဖြင့် ရှိရင်းစွဲထက် ငယ်တယ်လို့ အပြောခံရတာကို နှစ်သက်ကြပါတယ်။ တချို့ကလည်း လူတစ်ယောက်ရဲ့ ပြောဆိုပြုမူပုံကိုကြည့်ပြီး “အသက်သာကြီးသွားတယ်  ပြောဆိုလုပ်ကိုင်ပုံက လူငယ်အတိုင်းပဲ”လို့ အမွှန်းတင်ကြတာလည်းရှိပါတယ်။ ဘယ်လိုပဲပြောပြော အပြောခံရတဲ့သူကတော့ အကြည်ဓာတ်လေးတွေ ရသွားတာပေါ့။ သို့ပေမယ့် ကိုယ့်ကိုငယ်တယ်လို့ပြောတာ တခြားသူမဟုတ်ပဲ AI ဖြစ်နေမယ်ဆိုရင်ကော။ တစ်မျိုးလေးတော့ ခံစားရပေမယ့် ဘာမှမဖြစ်ပါဘူးလို့ထင်ရင်တော့ မှားသွားပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် အမေရိကန်နိုင်ငံအတွင်းက Youtube အသုံးပြုသူတချို့မှာ အသက်ငယ်တယ်လို့ အထင်ခံရတဲ့အတွက် ကန့်သတ်ချက်တွေနောက်ကို အတင်းပို့ခံလိုက်ရလို့ပဲဖြစ်ပါတယ်။ ၂၀၂၅၊ သြဂုတ်လ၊ ၁၃ ရက်နေ့ကစပြီး အမေရိကန်နိုင်ငံအတွင်း Youtube ထဲမှာ အသက်ခန့်မှန်းပေးမယ့် AI မော်လ်ဒယ်တစ်ခုကို စတင်ထည့်သွင်းအသုံးပြုနေပြီဖြစ်ပါတယ်။ ဥပဒေကတော့ အမျိုးအစားကွဲတွေရှိပေမယ့် ဘုံရည်ရွယ်ချက်ကတော့ ကလေးသူငယ်တွေကို အင်တာနက်ပေါ်က အန္တရာယ်ရှိတယ်လို့ ယူဆရတဲ့ အရာတွေကနေ […]

User Data

အသုံးပြုသူ၏ အချက်အလက် (သို့) User Data Data(ဒေတာ) ဆိုတဲ့ဝေါဟာရဟာ “ပေးအပ်လိုက်သော တစ်စုံတစ်ခု” လို့အဓိပ္ပာယ်ရတဲ့ “datum” ဆိုတဲ့ Latin(လက်တင်) စကားလုံးမှ ဆင်းသက်လာတာဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် Data ဆိုသည်မှာ မှတ်တမ်းမှတ်ရာလို့ အဓိပ္ပာယ်ရပါတယ်။ Data ဆိုသည်မှာ ကျယ်ပြန့်တဲ့ဝေါဟာရ တစ်ခုဖြစ်ပါတယ်။ စက်ပစ္စည်းအတွင်းမှတ်တမ်းများ (Mechinelogs) တွေကစလို့၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များမှ မီးပွိုင့်တစ်ခုကိုကား ဘယ်နှစ်စီးဖြတ်သွားတယ် ဆိုတဲ့အထိပါပါတယ်။ မမြင်နိုင်ပေမယ့် နေရာတိုင်းမှာ ဒေတာတွေ ရှိပါတယ်။ ဒေတာအမျိုးအစားအများကြီးထဲမှ အသုံးပြုသူတို့၏ ကိုယ်ပိုင်အကြောင်းအရာ (နာမည်၊ E-mail)၊ နည်းပညာဆိုင်ရာ အကြောင်းအရာ (အသုံးပြုနေသော စက်ပစ္စည်းအမျိုးအစား)၊ အပြုအမူဆိုင်ရာ အကြောင်းအရာ (နှိပ်ကြည့်သောlink၊ websiteများ) အစရှိတဲ့ အချက်အလက်တွေကို ကုမ္ပဏီ(သို့) ၎င်း၏ ကြားခံမီဒီယာ/application(အက်ပလီကေးရှင်း) မှတစ်ဆင့် […]

Scroll to top