User Data
အသုံးပြုသူ၏ အချက်အလက် (သို့) User Data Data(ဒေတာ) ဆိုတဲ့ဝေါဟာရဟာ “ပေးအပ်လိုက်သော တစ်စုံတစ်ခု” လို့အဓိပ္ပာယ်ရတဲ့ “datum” ဆိုတဲ့ Latin(လက်တင်) စကားလုံးမှ ဆင်းသက်လာတာဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် Data ဆိုသည်မှာ မှတ်တမ်းမှတ်ရာလို့ အဓိပ္ပာယ်ရပါတယ်။ Data ဆိုသည်မှာ ကျယ်ပြန့်တဲ့ဝေါဟာရ တစ်ခုဖြစ်ပါတယ်။ စက်ပစ္စည်းအတွင်းမှတ်တမ်းများ (Mechinelogs) တွေကစလို့၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များမှ မီးပွိုင့်တစ်ခုကိုကား ဘယ်နှစ်စီးဖြတ်သွားတယ် ဆိုတဲ့အထိပါပါတယ်။ မမြင်နိုင်ပေမယ့် နေရာတိုင်းမှာ ဒေတာတွေ ရှိပါတယ်။ ဒေတာအမျိုးအစားအများကြီးထဲမှ အသုံးပြုသူတို့၏ ကိုယ်ပိုင်အကြောင်းအရာ (နာမည်၊ E-mail)၊ နည်းပညာဆိုင်ရာ အကြောင်းအရာ (အသုံးပြုနေသော စက်ပစ္စည်းအမျိုးအစား)၊ အပြုအမူဆိုင်ရာ အကြောင်းအရာ (နှိပ်ကြည့်သောlink၊ websiteများ) အစရှိတဲ့ အချက်အလက်တွေကို ကုမ္ပဏီ(သို့) ၎င်း၏ ကြားခံမီဒီယာ/application(အက်ပလီကေးရှင်း) မှတစ်ဆင့် […]
