မြန်မာ နှင့် ဖွံ့ဖြိုးဆဲ နိုင်ငံများရှိ အေအိုင်၏ အလားအလာ

လျင်မြင်စွာတိုးတက်ပြောင်းလဲလာနေသော AIနယ်ပယ်သည် ဖွံ့ဖြိုးပြီးနိုင်ငံများက ဦးဆောင်ကြသည်ဟု အကြမ်းဖျင်း ယူဆနိုင်သော်လည်း သက်ရောက်မှုသည် တစ်ကမ္ဘာလုံးအတိုင်းအတာ ဖြစ်ပါသည်။ ဤတွင် ဖွံ့ဖြိုးဆဲနိုင်ငံများ ၊ မြန်မာအပါအဝင် နိုင်ငံများသည်လည်း အမီလိုက်နေရသည့် အကြောင်းအရင်းတစ်ခု ဖြစ်နေသည်။ သို့သော် မြန်မာသည် အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသည့် ခေတ်နောက်ပြန်သွားနေမှုကြောင့် ပညာရေး ကဏ္ဍ၌ အနည်းအများ လူထုတွင် ကွာဟချက် များပြားလျက် ရှိနေကြောင်းကို နိုင်ငံလုံးဆိုင်ရာအချက်အလက်များ အရ မြင်နိုင်ပါသည်။ ဥပမာတစ်ခုကိုဆိုရလျှင် အာဏာသိမ်းမှုကြောင့် စီဒီအမ် ကျောင်းသား များ၏ စီဒီအမ် လှုပ်ရှားမှုနှင့်အတူ တစ်ချို့တစ်ဝက်သည် ကျောင်းပညာရေးကို ရပ်တန့်ထားရသည့် အခြေအနေ ဖြစ်နေပုံကို မြင်နိုင်ပါသည်။ သို့သော် AI အရွေ့များကိုလည်း အပြင်ပိုင်းမှာ ကိုယ်ထူကိုယ်ထ လေ့လာနေရသည့် အပိုင်းများလည်း တွေ့ရပါသည်။ ဤသည်မှာ လူထုလူငယ်များ၏ […]

AI နည်းပညာဖွံ့ဖြိုးမှုနှင့်အတူ ဆိုက်ဘာလုံခြုံရေး၏ အခန်းကဏ္ဍ

မျက်မှောက်ခေတ်၏ ဆိုက်ဘာလုံခြုံရေး သည် တစ်ကမ္ဘာလုံး စိုးရိမ်ရသည့် အခြေအနေသို့ ‌ရောက်ရှိလို့လာနေသည်။ လွန်ခဲ့သည့် ဆယ်စုနှစ် သုံးခုကျော်လောက်တုန်းက ကိုယ်ပိုင် ကွန်ပျူတာ နှင့် စမတ်ဖုန်း ရှိသည့် ဦးရေသည် ယခုလောက် မများလာသေးခင်ကာလကို အကြမ်းဖျဉ်း ယှဉ်တွဲကာ မြင်နိုင်ပါသည်။ အခက်အခဲတွေသည် လူသားတို့ တိုးတက်ပြောင်းလဲမှုများ၌ အခရာ တစ်ခုဟုဆိုနိုင်လောက်အောင် ပြောစမှတ် ပြုကြသော်လည်း မြေစာပင်ဖြစ်ရသော လူသားများလည်း တစ်ပုံတစ်ပင် ရှိခဲ့ကြပါလိမ့်မည်။ တစ်နည်းအားဖြင့် သာမညအာဇာနည်လို့ ညွှန်းဆိုကြလေမလား။ သို့သော် လက်ရှိမှာတော့ လူသားတို့အားလုံး သာမည ဖြစ်ခွင့်ရနိုင်ကြမည့် ကာလသို့ အေအိုင်ခေတ်နှင့်အတူ ရောက်ရှိလေပြီလားဟု ထင်မြင်ယူဆနိုင်သော အခြေအနေသို့ ဦးတည်ရောက်ရှိသွားနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် လူသားတို့သည် အေအိုင်ကို ကလောက် ခေါ် တိမ်ဒေတာအခြေခံအဆောက်အအုံ တွေမှသည် ငွေရေးကြေးရေး စီမံခန့်ခွဲမှုများတိုင်အောင် […]

အနုပညာမြောက် ကွယ်ပျောက်ခြင်း

ဆန်းသစ်မှုမရှိပါက အနုပညာ ဟု မဆိုနိုင် ဆိုသော ပြောစကားများကို ကျွန်ုပ်တို့ ခပ်ကျယ်ကျယ် ကြားဖူးကြပါလိမ့်မည်။ ဒစ်ဂျစ်တယ် လောက၌လည်း အသစ်တွေက တိုးလာနေသော်လည်း ဆန်းသစ်လိုသော စိတ်နေစိတ်ထားများကို လူသားတချို့ အားမထုတ်လိုကြပါ။ တကယ်တော့ ဆန်းသစ်ရတာသည် ကိုယ့်မှာ အခြေခံအသိတခုတလေ ရှိလေ ပိုဆန်းသစ်နိုင်လေ ဖြစ်သည်။ အရာတစ်ခုခု၌ အနုပညာဆန်ဆန်တွေးခေါ်ရန် မည်သူမဆို အခြေခံအသိလေးတော့ ရှိသင့်သည်မဟုတ်လား။ စာရေးသူ Kevin Mitnick ၏ The Art of Invisibility မှာ ဖော်ပြထားသော နေ့စဉ်ဒစ်ဂျစ်တယ် ကဏ္ဍများ၌ အခြေခံအသိများမှတစ်ဆင့် ဆန်းသစ်နိုင်သော အကျင့် များကို လုပ်ဆောင်နိုင်သောအချက်များကို ဖော်ပြထားပါသည်။ အချိန်အားဖြင့် ၂၀၁၈ မှာ ထုတ်ထားသော စာအုပ်ဖြစ်သော်လည်း ယနေ့ ၂၀၂၅ တိုင်အောင် […]

ဒီဂျစ်တယ်ဘာသာရေး

ကျွန်ုပ်တို့ လူသားတွေမှာ ဘာသာရေးအယူအဆများသည် လက်ရှိ ပစ္စုပ္ပန်ကာလအတွက်မှာ တည်ငြိမ်အေးချမ်းရန်အတွက်သာမက နောင်ဘဝဘုံ အထိအောင် ကောင်းမွန်စွာ ကူးနိုင်ရန်၊ နေထိုင်နိုင်ရန် ကျွန်ုပ်တို့လူသားများမှာ ရည်ရွယ်အားထားကြရပါသည်။ သို့ပေမယ့် တိုးတက်လာသော ခေတ်အရ ကျွနိုပ်တို့ လူသားတွေမှာ အခြားသက်ရှိတိရစ္ဆာန်များထက် ကွဲပြားခြင်းသည် ရှင်သန်စရာ ဘုံတစ်ခု တိုးလာခြင်း ဖြစ်ပါသည်။ ၎င်းဘုံကတော့ ကျွန်ုပ်တို့အားလုံး မျက်မြင်တွေ့နေရသော ဒစ်ဂျစ်တယ်ဘုံပင် ဖြစ်ပါသည်။ ဤဘုံတွင် တစ်သီးတစ်သန့် ဘာသာရေးဟူ၍ မရှိသော်ငြားလည်း ကျွန်ုပ်တို့လူ့ဘုံ၏ ဘာသာရေးယုံကြည်ချက်များကဲ့သို့ ဒစ်ဂျစ်တယ်ဘာသာရေးကို လိုက်နာကျင့်သုံးသူတို့အဖို့ နေ့စဉ် လူ့ဘုံကနေ တစ်ခဏမျှစွန့်ခွာကာ ဒစ်ဂျစ်တယ်ဘုံသို့ ကူးလူး အသုံးပြုရာ၌ လုံခြုံ အဆင်ပြေရန်မှာ ဧကန်ပင်ဖြစ်ပါလိမ့်မည်။  ယခုဖော်ပြလိုသော ဒစ်ဂျစ်တယ်ဘာသာရေးဟူသည် ဘာသာရေးအယူအဆသီးသန့်ဆိုလိုရင်း မဟုတ်ပေမယ့် ဘာသာရေးတိုင်းသည် ကျွန်ုပ်တို့ လူသားတွေ လူအများနှင့် ပေါင်းသင်းဆက်ဆံရာမှာ […]

ဒီဂျစ်တယ် လုံခြုံရေးအရေးကြီးပုံ

“ပလူတိုဂြိုဟ်ကို ယနေ့မှစ၍ ဂြိုဟ်သိမ် တစ်ခုအဖြစ်သာ သတ်မှတ်လိုက်သည်….တီ…တီ…တီ” ဖုန်းနာရီနှိုးစက်သံကို ကိုညို တစ်ယောက် ကောက်ပိတ်လိုက်ပြီးနောက် ချက်ချင်းထတွေးမိသည်။  “ငါဘာဖြစ်လို့ ပလူတိုဂြိုဟ်အကြောင်းကို အိပ်မက်ထဲမှာမက်ရတာလဲ” ဟု ကိုညို တွေး၏။  ဒါနဲ့ ကိုညိုသည် မနက်အိပ်ရာ နှိုးတိုင်း သူ၏ ကွန်ပျူတာဖြင့် အလုပ်အီးမေးလ်များ စစ်လေ့ရှိရာ သူ မနေ့ညကမအိပ်မီ မတော်တဆ ပလူတို အကြောင်းဆောင်းပါးတစ်ခု ရှာမိထားရာမှ ဖတ်ရင်း အိပ်ပျော်သွားကြောင်းကို ယခု သူ၏ ကွန်ပျူတာအား ဖွင့်ရာတွင် သတိထားမိ၏။ ဒီအချိန်မှ သူ ပလူတို အကြောင်း ပြန်တွေးမိသည်။  “သြော် ‘ပလူတိုဂြိုဟ်လေး’ လူတွေက သူ့ကို ဆယ်စုနှစ်ပေါင်းများစွာ ဂြိုဟ်တစ်လုံးအနေနဲ့ ဂြိုဟ်ရာသွင်းပြီးမှ ဖြစ်ရလေ” ဆိုပြီးတော့ အတွေး၌ ဂရုဏာ သက်မိသွားသည်။ ကိုညိုသည် […]

အေအိုင် နှင့် မြန်မာလုံခြုံရေး

ကျွန်တော်တို့ လူသားတွေ လက်ရှိမှာ AI ကို တစ်နေ့တစ်ခြား အသုံးပြုမှုများလာသည်နှင့်အမျှ မိမိတို့၏ တစ်နေ့တာ လုပ်ငန်းစဉ်တွေမှာ မရှိမဖြစ်သော ကိရိယာတစ်ခုဖြစ်လာပါသည်။ ကျွန်ုပ်တို့၏ လူမှုစီးပွားရေးတွေ၊ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေမှာ နေရာယူလာတာတွေကလည်း တစ်နေ့ထက်တစ်နေ့ တိုးလို့သာလာနေပါသည်။ သို့သော် ကျွန်ုပ်တို့ သိထားနေလျက်နဲ့ မျက်ကွယ်ပြုမိသည့်အရာတစ်ခုမှာ AI သည် ယခုလို တိုးတက်ရန် ဒေတာအချက်အလက် အမြောက်အများ လက်ခံရရှိနေခြင်းကြောင့် ဆိုသည့် အကြောင်းအရာကို နှစ်ကြာလာသည်နှင့်အမျှ မေ့လျော့နေခြင်းက ကျွန်ုပ်တို့ကို တစ်ဖန် လုံခြုံရေး စိုးရိမ်စရာ အဖြစ် ရောက်ရှိစေပါသည်။ ဤသည်တွင် ရှင်းလင်းစေချင်သည့်အချက်မှာ ယခုလက်ရှိ AI သည် စိတ်ကူးယဉ် သိပ္ပံဇာတ်ကားတွေထဲကကဲ့သို့ မဟုတ်သေးသည့်အခြေအနေကို နားလည်ထားရပါဦးမည်။ အဓိက က ကျွန်ုပ်တို့ လူသားတွေသည် မိမိ၏ ဒေတာအချက်အလက်များကို ဂရုမပြုခြင်းသည်သာ […]

ဆိုက်ဘာတိုက်ခိုက်မှုနှင့် အတူ ယှဥ်တွဲလာသော လျှပ်စစ်ကားများ

ကမ္ဘာကြီးပေါ်မှာ လျှပ်စစ်ကားတွေ ခေတ်ရောက်လာတာနဲ့အမျှ လူသားတွေမှာ အကျိုး သာမက အပြစ်ပါ ရောထွေးပြီး ကြုံရနိုင်ချ မြင့်မားပုံနှင့် ဘယ်ပုံဘယ်လိုမျိုး အန္တရာယ်ရှိနိုင်လဲ ဆိုတာကို အကျဉ်း ဖော်ပြသွားပါမည်။ အထူးသဖြင့်တော့ လက်ရှိအချိန် စိုးရိမ်စရာ ကောင်းတဲ့အချက်တွေမှာ ဆိုရင်တော့ လျှပ်စစ် အားပြန်ဖြည့်သည့် စနစ်ကနေ တိုက်ခိုက်မှုမျိုးကို ပညာရှင်များက ဇောင်းပေးဖော်ပြထားကြတာကို တွေ့ရပါသည်။ ၎င်းကို EV Supply Equipment (EVSE) လို့ခေါ်သလို မြန်မာလိုဆိုရင်တော့ အထောက်အပံ့ပစ္စည်း လို့ခေါ်နိုင်သော ဥပမာ – အားသွင်းပေါက် နှင့် ဘက်ထရီ တွေလို့ဆိုနိုင်သလို၊ ကွန်ပျူတာမှာဆိုရင်တော့ Hardware လို့ ခေါ်ကြသလိုပါပဲ။  လက်ရှိကမ္ဘာပေါ်၌ လျှပ်စစ်မော်တော်ယာဉ် (EV) များနှင့် အားသွင်းအခြေစိုက်စခန်း အသုံးပြုမှု မြင့်တက်လာခြင်းသည် ဆိုက်ဘာလုံခြုံရေး စိန်ခေါ်မှုအသစ်များကိုလည်း […]

AI နှင့် သဘာဝပတ်ဝန်းကျင်

လက်ရှိကိန်းဂဏန်းများအရ AI အသုံးပြုသူဟာ ၂ ဘီလီယံ နီးပါးသို့ ရောက်ရှိနေပြီဖြစ်ပါသည်။ သုံးစွဲသူ တိုးလာသည်နှင့်အမျှ စွမ်းအင် ဆိုင်ရာ ကဏ္ဌကလည်း တိုး၍သာ လာဖို့ရှိပါသည်။ တစ်ဖက်တွင် ရင်ဆိုင်နေရသော အခြေအနေတစ်ခုမှာ သဘာဝပတ်ဝန်းကျင်ကို တစ်နည်းတစ်ဖုံ သက်ရောက်မှု များနေတာကလည်း လက်ရှိ AIဖွံ့ဖြိုးနေမှုကို ဝေဖန်သူတွေ များစေတာဖြစ်နေပါသည်။ အထူးသဖြင့် ရေချိုသုံးစွဲမှု၊ လျှပ်စစ်စွမ်းအင်အတွက် ကာဗွန်ထုတ်လွှတ်မှု ၌ AIဒေတာစင်တာများသည် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု၏ အဓိကတစ်ခုသဖွယ် လက်ညိုးထိုးစရာ အကြောင်းအရာဖြစ်လို့နေသည်။ AIသည် လက်ရှိ ရာစုနှစ်အတွင်း လူသားများ၏ အတိုးတက်ဆုံးတစ်ခုဟု မြင်လျှင် မှားနိုင်မည်မထင်ပါ။  စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ စစ်ရေး များပါမကျန် အသုံးပြုနေသည်ကို တွေ့ရသည့်အလျောက်၊ AI သည် တိုးထွက်ရန် အကောင်းဆုံး လူသားအဖော် […]

AI နှင့် ကျင့်ဝတ်

‌အေအိုင် သည် လက်ရှိလူ့ပြည်၌ အထွန်းတောက်ဆုံးနှင့် စိတ်ဝင်စားမှု အများဆုံး ရနေသည်ဟု ဆိုလျှင် မှားလိမ့်မည်မထင်ပါ။ လက်ရှိပင် အေအိုင်ကို Netflix ၊ ကားမောင်းအတတ် ၊  ဆေးပညာရပ် နှင့် တောက်တိုမယ်ရ ကအစ လူသားတို့သည် အသုံးချနေကြသည်။ ဘယ်လိုပင် ဖွံ့ဖြိုးမှု မြန်ဆန်နေပါစေ ကျင့်ဝတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေလည်း တစ်ပုံတစ်ပင် စဉ်းစားစရာ အဖြစ် ကျန်ရှိနေပါသည်။ တွေးစရာဟု ဆိုသော်အခါ ရိုးရှင်းသော နည်းပညာကဏ္ဌ တစ်ခုတည်းမဟုတ်ပဲ တာဝန်ယူ တာဝန်ခံမှု၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များနှင့် လူ့အခွင့်အရေးဆိုင်ရာ များ၌ အေအိုင်သည် အဘယ်မျှလောက် လူသားများအတွက် ယုံကြည်စိတ်ချရသော အခြေအနေ ဖြစ်နေရဲ့လား။ မှားယွင်းခဲ့သည် ရှိသော် မည်သူက တာဝန်ရှိသလဲ။ ဆိုတော့ လူသားများအတွက် သင့်တော်သော အခြေအနေ […]

Scroll to top